နေပြည်တော်တွင် EV Charging Station ယနေ့စတင်ဖွင့်လှစ်

0
271

နေပြည်တော်၊ဇမ္ဗူသီရိမြို့၊ သပြေကုန်းဈေးနားရှိ EV Charging Station ကို ယနေ့မနက်တွင်
စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ကုမ္ပဏီနှစ်ခုမှ အိမ်စီးလျှပ်စစ်ယာဉ်အစီး ၄၀ တင်သွင်းထားပြီး ယင်းမှ ရန်ကုန်လေဆိပ်တွင် ၁၀ စီး၊ နေပြည်တော်သပြေကုန်းဈေးတွင် ၁၀ စီး တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲမည်ဖြစ်ကာ ရန်ကုန်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်ပြေးဆွဲနေခြင်းလည်းဖြစ်သည်။

“ လျှပ်စစ်ကားတင်သွင်းဖို့ စိတ်ဝင်စားတဲ့သူလျှောက်ရင် မဖြစ်မနေလုပ်ရမှာက Public Station လမ်းကြောင်းတစ်ခု။ ပထမဦးဆုံးက အများပြည်သူအတွက်ကိုသုံးတဲ့ public transpotation အတွက်ကို တက္ကစီအစီးရေအနည်းဆုံး ၃၀ တင်သွင်းရတယ်။ အစီးရေ ၃၀ က အစိုးရကလုပ်တာမဟုတ်ဘူး။ သက်ဆိုင်ရာကုမ္ပဏီက တင်သွင်းရတာ။ အဲဒီကုမ္ပဏီက မိမိအစီအစဉ်နဲ့မိမိဆွဲရတာ။ လက်ရှိဆွဲနေတဲ့တက္ကစီကားတွေလိုပဲ”ဟု Farmer Auto Showroom မှ Chief Executive Officer ဒေါက်တာစိုးထွန်းက ပြောသည်။

ရန်ကုန်တွင်လည်း မြို့နယ် ၅ မြို့နယ်တွင် EV Charging Station များတည်ဆောက်နေခြင်းလည်းဖြစ်သည်။ လျှပ်စစ်သုံးယာဉ်(EV)တင်သွင်းရန် အဆိုပြုသော ကုမ္ပဏီ (၄ဝ) နီးပါးအထိ တိုးမြင့်လာခဲ့ပြီး ကုမ္ပဏီ (၆) ခုအား သွင်းကုန်လိုင်စင်ခွင့်ပြုပေးထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here