ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် နှင့် (ဆိပ်ကမ်း)မြို့နယ်ရှိ စက်မှုဇုန်နှင့် ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်

0
313

လက်ရှိတွင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးကို မီးပြတ်ဧရိယာ ၂ အုပ်စု၊ မီးပြတ်ချိန် ၂ ချိန်သတ်မှတ်ထားပြီး ထပ်တိုးအစီအစဉ်အရ မြို့နယ်များအားလုံးကို မီးပြတ်ဧရိယာ ၂ ခု မီးပြတ်ချိန် ၃ ချိန် သတ်မှတ်ထားခြင်းကြောင့် ဝေဖန်မှုများလည်းရှိနေခြင်းဖြစ်သည်။

မတ်လ (၅) ရက်နေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် (ဆိပ်ကမ်း)မြို့နယ်ရှိ စက်မှုဇုန်နှင့် ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။

ကောင်းကင်ဓာတ်အားလိုင်းတည်ဆောက်ရေးဌာနခွဲမှ ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်၊ အမှတ်(၂)လမ်း နှင့် ကျန်စစ်သားလမ်းဆုံမှ 66kV ကျန်စစ်သားဓာတ်အားခွဲရုံအထိ 230kV အရှေ့ဒဂုံခွဲရုံရှိ 66kV GIS – Line 5 + တောင်ဒဂုံစက်မှုဇုန်ဖီဒါ၏ 66kV Single Circuit Line (၁) မိုင် တည်ဆောက်ခြင်းလုပ်ငန်းကို နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်များ၏ စက်မှုဇုန်၊ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုရှိမည် ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here