ယောင်္ကျားလေးတွေ အဝပြိုင်ရတဲ့ အာဖရိကလူမျိုး ဘိုဒီတွေရဲ့ခါးယယ်ပွဲတော်

0
381

အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်းမှာနေထိုင်တဲ့ ဘိုဒီလူမျိုးတွေဟာ ယောင်္ကျားလေးအတွက် နှစ်စဉ်နှစ်တိုင်း အဝပြိုင်ပွဲ ကျင်းပပေးပြီး အနိုင်ရရှိတဲ့ဗိုက်သား အထူဆုံးသူကို ဂုဏ်ပြုချီးမြှောက်လေ့ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဝတာနဲ့ ဗိုက်ခေါက်ထူတာမျိုးကို ကျန်းမာရေးနဲ့ မညီညွတ်ဘူး၊ ကြည့်မကောင်းဘူးလို့ သတ်မှတ်ကြပေမယ့် အီသီယိုးပီးယား တောင်ပိုင်း အိုမိုတောင်ကြားမှာ နေထိုင်တဲ့ ဘိုဒီတွေအတွက်တော့ ဗိုက်သားဗိုက်ခေါက်ထူတာဟာ အလွန်အထင်ကြီးစရာကောင်းပြီး ဆွဲဆောင်မှုရှိတယ်လို့ ခံယူထားတာပါ။

ဒါကြောင့် ဘိုဒီလူမျိုးတွေဟာ ခါးယယ်လို့ ခေါ်တဲ့ အဝပြိုင်ပွဲကို နှစ်တိုင်းကျင်းပပြီး အနိုင်ရရှိတဲ့သူကို “တစ်နှစ်တာ အဝဆုံးလူ” ဆိုတဲ့ ဂုဏ်ပုဒ်ကို ချီးမြှင့်ပေးပါတယ်။ အဲဂုဏ်ပုဒ်ကို ရရှိတဲ့သူဟာ တစ်ရွာလုံးရဲ့ တစ်ဘဝလုံး လေးစားသမှုပြုတာကို ခံရမှာပါ။

အဲဒီလို လေးစားခံရဖို့အတွက် ယောက်ျားသားတွေဟာ ပွဲတော်မတိုင်ခင် ခြောက်လအလိုမှာ နွားနို့၊ ဒိန်ချဉ်၊ သွေးစိမ်းနဲ့ ပျားရည်တွေ စားသောက်ပြီး ဝအောင်လုပ်ရပါတယ်။ အဲဒီခြောက်လအတွင်း ကိုယ်လက်လှုပ်ရှားရတဲ့ အရာအားလုံးကို ပိတ်ပင်ထားပြီး တဲထဲမှာပဲနေရကာ ဇနီးဖြစ်သူတွေရဲ့ လုပ်ကျွေးတာတွေကို ထိုင်စားရပါတယ်။

ဘိုဒီ ယောက်ျားသားတွေဟာ များသောအားဖြင့် ပိန်ပိန်ပါးပါးနဲ့ ကြွက်သားတွေရှိပေမယ့် ခါးအယ်ပွဲတော် ရောက်လာတဲ့ချိန်ဆိုရင် မလှုပ်ရှားနိုင်တော့တဲ့အထိ ဝလာကြပါတယ်။

ခါးယယ်ပွဲတော်ကို ဇွန်လ ဒါမှမဟုတ် ဇူလိုင်လမှာကျင်းပလေ့ရှိပြီး ပြိုင်ပွဲဝင်သူတွေဟာ ပွဲအပြီး ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါ အရင်အတိုင်း ပြန်ပိန်သွားကြတယ်လို့ သိရပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here