စစ်တွေတွင် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား၊ ၁ဦးဒဏ်ရာရ

0
204

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊စက်ရုံရပ်ကွက်၊ဆီတန်းရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် မတ် ၄ ရက်(ယနေ့)နံနက် ၁၁ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ သိရသည်။

စစ်တွေမြို့၊စက်ရုံရပ်ကွက်၊ဆီတန်းရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှ စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် မွန်းတည့် ၁၂ နာရီခွဲ၌ မီးငြိမ်းသွားခဲ့ပြီး ဖြစ်စဥ်တွင် အမျိုးသား ၁ ဦးမှာ မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားဖြင့် စစ်တွေမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“လတ်တလောသိထားရတဲ့အချက်အလက်အရဆိုရင် မီးလောင်တဲ့ဆိုင်က ဦးအေးကျော်ဆိုင်လို့သိရတယ် မီးလောင်ဒဏ်ရာရတဲ့လူကတော့ အခုဆေးရုံမှာ စိုးရိမ်စရာမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း


LEAVE A REPLY

Please enter your comment!
Please enter your name here