ပါကစ္စတန်ကျောက်မီးသွေးလုပ်ကွက်၌ အဆိပ်သင့်ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ခြောက်ဦးသေဆုံးပြီး ငါးဦးဆေးရုံတင်ထားရ

0
155

ပါကစ္စတန်၌ ကျောက်မီးသွေးလုပ်ကွက်အတွင်း အဆိပ်သင့်ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အလုပ်သမားခြောက်ဦး ထက်မနည်းသေဆုံးပြီး ငါးဦးဆေးရုံတင်ထားရကြောင်းသိရှိရသည်။ ကယ်ဆယ်ရေးသမားများ၏ပြောကြားမှုအရ မိုင်းတွင်းထဲ၌အဆိုပါဓာတ်ငွေ့များပြည့်သွားသဖြင့် အလုပ်သမားများသေဆုံးရခြင်းဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါဓာတ်ငွေ့များထွက်လာပြီးပိတ်မိနေချိန်၌ မိုင်းတွင်းထဲတွင်လုပ်သား ၁၁,၀၀၀ ရှိနေကြောင်းသိရသည်။အပြင်မှအခြားလုပ်သားများက ကယ်ဆယ်ရေးသမားများကိုဆက်သွယ်ကာ ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များကိုကယ်တင်ရန်လည်း အကောင်းဆုံးကြိုးစားခဲ့ကြသည်ဟုသိရသည်။

သို့သော်ဓာတ်ငွေ့များကအဆမတန်ပြည့်နေသဖြင့် အကောင်းဆုံးကြိုးစားခဲ့ကြသော်လည်း လုပ်သားခြောက်ဦးသေဆုံးကာ ငါးဦးကို သက်ဆိုင်ရာကျန်းမာရေးဌာနသို့ ဆေးကုသမှုခံယူရန်ပို့ထားရသည်ဟုဆိုသည်။

ယခုကဲ့သို့ ဖြစ်ရပ်များသည် ပါကစ္စတန်အတွက်မထူးဆန်းတော့ဟုလည်း နိုင်ငံ၏မိုင်းလုပ်သားအဖွဲ့ကပြောကြားခဲ့သည်။

၎င်းတို့အနေဖြင့် လုံခြုံမှုရှိသည့်လုပ်ငန်းခွင်ကို အစိုးရနှင့် သက်ဆိုင်ရာလုပ်ငန်းရှင်များအား အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း မည်သို့မျှစီစဉ်ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလုပ်သမားများသည် အန္တရာယ်ရှိသည့်လုပ်ငန်းခွင်အတွင်း၌သာ ဆက်လက်လုပ်ကိုင်နေရသည်ဟုဆိုခဲ့သည်။

လုပ်ငန်းခွင်ဘေးကင်းရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းမရှိပဲ မတော်တဆဖြစ်သည့်အချိန်မှသာ လျော်ကြေးလေးမဖြစ်စလောက်နှင့်ကျေနပ်ခဲ့ရပြီး ထုံးစံအတိုင်းပြန်ဖြစ်သွားနေကြပင်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here