ကမ္ဘောဒီးယား၌ ရင်သားကြီးစေရန်ခွဲစိတ်မှုပြုလုပ်ရာမှ အမျိုးသမီးတစ်ဦးသေဆုံး

0
215

ဖနွမ်းပင်၊မတ် ၄

ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပင်မြို့၌ အသက် ၄၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် ရင်သားကြီးစေရန်
ခွဲစိတ်ကုသမှုခံယူစဉ် အသက်ဆုံးရှုံးသွားကြောင်းသိရသည်။

ဒေသတွင်းမီဒီယာများက ခွဲစိတ်မှုနည်းလမ်းမှားယွင်းသွားကြောင်း ဆရာဝန်ကသတိပြုမိသော်လည်း အဆိုပါမှားယွင်းမှုက အမျိုးသမီးအားချက်ချင်းသေဆုံးသွားစေသည်ဟု ရေးသားဖေါ်ပြကြသည်။

ယင်းသို့ဖြစ်သွားပြီးနောက် အဆိုပါဆရာဝန်လဲထွက်ပြေးသွားကြောင်းသိရသည်။ထိုအဖြစ်အပျက်ပြီးနောက် ဒေသဆိုင်ရာအာဏာပိုင်များရောက်ရှိလာပြီး နည်းပညာနှင့်မှုခင်းဆိုင်ရာကျွမ်းကျင်သူများအား ဆက်သွယ်ခဲ့ပြီး သေဆုံးရခြင်းအကြောင်းအရင်းကိုရှာဖွေရန်လုပ်ဆောင်နေကြောင်းလည်းသိရသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here