ဇွဲကပင်တောင်တက်လမ်းပေါ်မှ ခြေချော်ပြုတ်ကျသွားသည့်ကလေးငယ်အား အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့

0
186

ကရင်ပြည်နယ်ရှိ ဇွဲကပင်တောင်တက်လမ်းပေါ်မှ မတ် ၄ ရက်(ယနေ့)မွန်းတည့်ပိုင်းက အသက်(၁၃) နှစ်ရှိ ဘုရားဖူးကလေးငယ်တစ်ဦး ခြေချော်၍ ပြုတ်ကျသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)မှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီခွဲခန့်က ဇွဲကပင်တောင်တက်လမ်းပေါ်မှ အိန္ဒုတံတားဦးကျေးရွာနေ မောင်ချစ်ကိုကို(၁၃)နှစ်သည် ခြေချော်၍အောင်သို့ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

“လုမ္မနီဥယျာဉ်-အနောက်ဘက်ခြမ်းက တောင်တက်လမ်းပေါ်ကနေပြုတ်ကျသွားတာပါ သတင်းရရခြင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)နဲ့မေတ္တာစေတနာလူမှုကူညီရေးအသင်းဝင်တွေ စုပေါင်းပြီးလိုက်ရှာခဲ့ကြပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထို့ကြောင့် ခြေချော်ပြုတ်ကျသွားသည့် မောင်ချစ်ကိုကိုအား နေ့လည် ၁ နာရီ ၂၅ မိနစ်ခန့်တွင် အထက်ရေတံခွန်အကျော်၌ ပြန်လည်တွေ့ရှိကာ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

“အသက်အန္တရာယ်တော့မရှိပါဘူး ပွန်းပဲ့ဒဏ်ရာတွေလောက်ပဲရသွားတာပါ တွေ့တဲ့နေရာမှာပဲ မြေ ပြင်ကုသမှုတွေလုပ်ပေးပြီး တောင်အောက်ကိုပြန်သယ်လာခဲ့ပေးပါတယ် ကယ်ဆယ်ရေးလုပ်ငန်းက မွန်းလွဲ ၂ နာရီလောက်မှာအလုံးစုံပြီးသွားပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here