စားအုန်းဆီ တစ်ပိဿာ ၈၀၀၀ ကျပ်အထိမြင့်တက်လာ

0
162

ဈေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ၈၀၀၀ ကျပ်အထိမြင့်တက်လာကြောင်း ဝယ်ယူသုံးစွဲသူများထံကသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအထိ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၇၅၀၀ ကျပ်အထိသာရှိကြောင်း၊ ယခုအခါ ရုတ်တရက် တစ်ပိဿာ ၈၀၀၀ အထိမြင့်တက်ခဲ့ခြင်းဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဖေဖော်ဝါရီလ ၂၇ ရက် မှ မတ်လ ၅ ရက်အထိ တစ်ပိဿာ ၄၆၀၀ ကျပ်သတ်မှတ်ပေးထားပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ရန်ကုန်မြို့ရှိ မြို့နယ်များတွင် တန်းစီစနစ်ဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၄၈၀၀ ကျပ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

“ စားအုန်းဆီဈေးက တဖြည်းဖြည်းမြင့်တက်လာတာ။ အရင်ကဆိုရင်အန်တီက အကြော်ရောင်းတာ။ ဆီဈေးတွေတက်တော့ အကြော်မရောင်းနိုင်တော့ဘူး။ ခေါက်မုန့်တို့ ကီးမားတို့ဖက် လှည့်ရောင်းရတာပေါ့။ ဒီလိုပဲအဆင်ပြေသလို လုပ်စားရတာပေါ့။ ၆၀၀၀ အထိကိုဈေးကျသွားလို့ အဆင်ပြေနေကာမှ အခု ၈၀၀၀ ဖြစ်နေပြီ။ ဒီလိုကုန်ဈေးနှုန်းတွေတက်ပုံမျိုးနဲ့ လုပ်ကိုင်စားသောက်ရတာအဆင်မပြေဘူး”ဟု တောင်ဥက္ကလာပမြို့နယ်တွင် ဈေးရောင်းချနေသည့် ဒေါ်မြကြိုင်က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here