နှစ်ပွဲဆက် နိုင်ပွဲရခဲ့တဲ့ အား/ကာသိပ္ပံ

0
153

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၃) ဒုတိယရက်ပွဲစဉ်အဖြစ် ခြေရည်တူနှစ်သင်းဖြစ်တဲ့ အား/ကာသိပ္ပံအသင်း (ISPE) နဲ့ မြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

သု၀ဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အား/ကာသိပ္ပံအသင်း (ISPE) က မြဝတီအသင်းကို ၂ ဂိုး မရှိနဲ့အနိုင်ရခဲ့ကာ ၂ ဂိုးလုံးကို အား/ကာသိပ္ပံအသင်းက တိုက်စစ်မှုး သူရိန်ထွန်းက သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ဒီရာသီမှာ ခြေစွမ်းပိုမိုတ်ိုးတက်လာတဲ့ အား/ကာသိပ္ပံ (ISPE) အသင်းဟာ ပြီးခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၂) တုန်းကလည်း ဧရာဝတီယူနိုက်တက်အသင်းကို အကောင်းဆုံးယှဉ်ပြိုင်သွားနိုင်ခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ကာ တိုက်စစ်ကစားသမား သူရိန်ထွန်းကလည်း ၁ ဂိုး သွင်းယူနိုင်ခဲ့ပါသေးတယ်။

မနက်ဖြန်မှာတော့ပြီးခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၂) မှာ ရှုံးပွဲကိုယ်စီကြုံတွေ့ထားတဲ့ ရခိုင်ယူနိုက်တက်နဲ့ ရတနာပုံအက်ဖ်စီတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here