ပါတီမှတ်ပုံတင်ဥပဒေသစ်ကို ရွေးကောက်ပွဲကော်မရှင်ကဇန်နဝါရီလ ၂၆ ရက်နေ့ကအမိန့်ထုတ်ပြန်ခဲ့ရာ ရက်ပေါင်း ၆၀ အတွင်းနိုင်ငံရေးပါတီများအနေဖြင့် ပြန်လည်မှတ်ပုံတင်ရန်ရက်ပေးထားသည်။
ရက်ပေါင်း ၃၇ ရက်အတွင်း ၁၄ ပါတီမှတ်ပုံတင်ခွင့်လျောက်ထားပြီးဖြစ်ကာ မှတ်ပုံတင်ရန်၂၃ ရက်ကျန်သည်။
ပြည်သူ့အင်အားပါတီမှ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပြီး စုစုပေါင်း ပါတီ ၁၄ ပါတီထိရှိလာပြီဖြစ်ကြောင်း UEC မှထုတ်ပြန်ထားသည်။
အဆိုပါ မှတ်ပုံတင်လျှောက်ထားခဲ့သည့် နိုင်ငံရေးပါတီတွေထဲမှ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီ ၅ ပါတီ ပါဝင်ပြီး၊တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ၉ ပါတီရှိကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။
၎င်းတို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ ပအိုဝ်းအမျိုးသားအဖွဲချုပ် (PNO) ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီနှင့် ပြည်သူ့အင်အားပါတီ တို့ဖြစ်ကြောင်း သိရသည်။