ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၄၀၀ နီးပါးထဲက ၈ ခုမှာလိုင်စင်ယာယီပိတ်သိမ်းခံရ

0
702

အလုပ်သမားရေးဝန်ကြီးဌာနမှ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၈ ခု၏ လိုင်စင်တွေကို ယာယီပိတ်သိမ်းလိုက်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၈ ခုကို ယာယီပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ချက်ကို မတ်လ ၃ ရက် ရက်စွဲဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာယီလိုင်စင်ပိတ်သိမ်းထားသည့် အေဂျင်စီ ၈ ခုအနက် Labour King Co.,Ltd၊ ရွှေဖြိုးသာ၊ Royal ABS Co.,Ltd ၊ Top Choice Manpower Co.,Ltd နှင့် Phyu Sin May General Services Co.,Ltd အေဂျင်စီကုမ္ပဏီတွေကို လုပ်ငန်းလုပ်ကိုင်ခွင့် (၁) နှစ်စီ ယာယီပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် Myanamar Shwe Yanant Co.,Ltd ၊ Myint Myat Ta Khon Co.,Ltd နှင့် Poe Poe&Phyo Thander Tun Co., အေဂျင်စီကုမ္ပဏီတွေကို (၆) လစီ လုပ်ငန်းလုပ်ကိုင်ခွင့် ယာယီပိတ်သိမ်းခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ပြည်တွင်း၌ တရားဝင်လုပ်ကိုင်နေသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီပေါင်း ၄၀၀ နီးပါးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here