အုတ်တွင်းတွင် ဆီဘောက်ဆာယာဥ်အား ကျော်တက်သည့် မော်တော်ဆိုင်ကယ် ယာဉ်နောက်ပိုင်းအားဝင်တိုက်မိတိမ်းမှောက်ကာ တစ်ဦးသေဆုံး

0
172

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကျောက်တလင်းကျေးရွာတွင် မတ် (၄ )ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ သိရသည်။

ယမန်နေ့ ညနေ (၅) နာရီကျော်ခန့်က အုတ်တွင်းမြို့ နယ်၊ကျောက်တလင်းကျေးရွာတွင် သားအဖနှစ်ဦးမောင်းနှင်စီးနင်းလာသည့် ဆိုင်ကယ်မှ ရှေ့မှသွားနေသည့်  ဆီဘောက်ဆာကားအား ကျော်တက်စဥ် ယခုလိုဖြစ်ပွားခဲ့ခြင်း ဖြ စ်ကြောင်း သိရသည်။

ယင်းသို့ ကျော်တက်စဥ် ဆီဘောက်ဆာကား၏ နောက်ပိုင်းအား ဝင်တိုက်မိခဲ့သဖြင့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် 

အင်ဒိုင်းကျေးရွာနေ ဦးခွားစောသည် ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြော င်း သိရသည်။

ထို့ပြင် ဆိုင်ကယ်မောင်းနှင်သည့် သားဖြစ်သူ အင်ဒိုင်းကျေးရွာနေ ကိုပါကျဲတွင်လည်း ဦးခေါင်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ရင်ခုန်သံရှင်ရေးကူညီမှုအသ င်းမှ အုတ်တွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကိုလည်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ အုတ်တွင်းဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here