ငလျင်အပြီး၌ ဆီးရီးယားကလေးငယ်‌တစ်ဦး၏ ရော်နယ်လ်ဒိုနှင့်တွေ့ချင်သည့်ဆန္ဒအား ဖြည့်ဆည်းပေးခဲ့

0
154

ထိခိုက်သေဆုံးမှုများပြားခဲ့သည့် ဆီးရီးယားငလျင်အပြီး၌ ဆီးရီးယားကလေးငယ်တစ်ဦးသည် ကယ်ဆယ်ရေးသမားများအား ၎င်း၏အိုင်ဒယ်လ် ဖြစ်သူ ရော်နယ်လ်ဒိုကို အပြင်မှာမြင်ဖူးချင်ကြောင်းပြောကြားခဲ့သဖြင့် ရော်နယ်လ်ဒိုပါဝင်သည့်အယ်လ်နာဆာအသင်းပွဲစဉ်၌ ကြည့်ရှုအားပေးရန်ဖိတ်ကြားခံခဲ့ရကြောင်းသိရသည်။

အဆိုပါကလေးငယ်သည် လူမှုကွန်ရက်မှတစ်ဆင့် ကယ်ဆယ်ရေးသမားများအား တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။တုကီယေး – ဆီးရီးယားငလျင်ကြောင့် လူပေါင်းငါးသောင်းကျော်သေဆုံးခဲ့ပြီး ဆီးရီးယား၌ လူ ၅,၉၀၀ ကျော်သေဆုံးခဲ့သည်။

ကလေးငယ်သည် ရော်နယ်လ်ဒိုနှင့်ပွဲမစခင် ခေတ္တတွေ့ဆုံခဲ့ပြီး ယခုပွဲစဉ်၌ အယ်လ်နာဆာကိုအားပေးမည်ဟုလည်းဆိုခဲ့သည်။

“ရော်နယ်လ်ဒိုနဲ့တွေ့ခွင့်ရခဲ့တာကျွန်တော့်အတွက်တော့အိပ်မက်လိုပါပဲ၊အခုထိမယုံနိုင်သေးဘူး၊အိပ်မက်မဟုတ်ပါစေနဲ့လို့ဆုတောင်းပါတယ်” ဟု လည်းကလေးငယ်ကပြောကြားခဲ့သည်။

Source : Reuters

PHOTO : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here