BYD အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ‌ ထပ်မံရောက်ရှိလာ

0
138

Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD အမျိုးအစားလျှပ်စစ် သုံးယာဉ် ၁၉ စီးထီးတန်းဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ ရောက်ရှိလာသည့် လျှပ်စစ်ကားများကိုလုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း၊အလားတူ Asia Pacific Auto-maker Corporation Co., Ltd. မှ တင်သွင်းလာသော Dongfeng အမျိုးအစား လျှပ်စစ်သုံးယာဉ်အစီး ၃၀ သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ  လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါလျှပ်စစ်သုံးယာဉ်များ တင်သွင်းမှုသည် ပြည်တွင်းလျှပ်စစ် သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်ခွင့် သက်သာခွင့်ပြုထားကြောင်း သိရသည်။

လက်ရှိတွင်လည်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် EV taxi များစတင်စမ်းသပ်ပြေးဆွဲနေပြီဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here