တောင်ကိုရီးယားသို့ နှစ်လအတွင်း မြန်မာလုပ်သား တစ်ထောင်ကျော် EPS စနစ်ဖြင့်ပို့ဆောင်ထား

0
171

တောင်ကိုရီးယားနိုင်ငံသို့ ပြီးခဲ့သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ လအတွင်း  EPS စနစ်ဖြင့် မြန်မာလုပ်သား တစ်ထောင်ကျော်ကို ပို့ဆောင်ခဲ့ကြောင်းတောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးမှ သိရသည်။

EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ ကုန်ထုတ်လုပ်သားသစ် (၃၄၅) ဦး၊ CBT ကုန်ထုတ်လုပ်သား (၂၈) ဦး၊  Re-entry ကုန်ထုတ်လုပ်သား (၂၃၆) ဦး၊ စိုက်ပျိုး/မွေးမြူရေး လုပ်သားသစ် (၃၇၄) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၅၇) ဦး စုစုပေါင်း (၁၀၄၀) ဦး ပို့ဆောင်ထားသည်။

တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

မြန်မာလုပ်သားများအားအစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကတစ်ဆင့် ရန်ကုန်လေဆိပ်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာလုပ်သားများအားဆိုးလ်မြို့ရှိ မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိက ကြိုဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here