ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

0
563

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၆၁၁ နှစ် မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အောင်ပွဲနှင့် ရေစက်ချအနုမောဒနာ မင်္ဂလာအခမ်းအနားတို့အား မတ် ၅ ရက်(ယနေ့)နံနက်ပိုင်းက ရင်ပြင်တော်မြောက်ဘက်မုခ်ရှိ ချမ်းသာကြီးတန် ဆောင်း၌ကျင်းပခဲ့သည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအ ဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်တော်မူ၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ရန် ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်တာဝန်ရှိသူများ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

အခမ်းအနားတွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ၏ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩ ဝါဒါစရိယ၊ သ.အ.စ ဓမ္မာစရိယ၊ ပါဠိပါရဂူ ဝဋံသ ကာ၊ စေတယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတ က္ကသိုလ်ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)ထံမှ ဧည့်ပရိသတ်များက သီလခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများအား ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ရန်ကုန်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့်ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နာဂိတမှ ရေစက် ချအနုမောဒနာတရားဟောကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၂၆၁၁ နှစ် မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား ဖေဖော် ဝါရီ ၂၄ ရက်မှမတ် ၅ ရက်(တပေါင်းလပြည့်နေ့) အထိ ၁၀ ရက်တိုင်ကျင်းပခဲ့ပြီး ဆရာတော်၊သံ ဃာတော်များက ၂၁၆ နာရီတိုင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

မတ် ၄ ရက်ညနေ ၄ နာရီကလည်းသံဃာတော် ၁၁၇ ပါးနှင့်သီလရှင် ၂၇ ပါးတို့အား ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့်အလှူရှင်များက ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခဲ့ကြပြီး မတ် ၅ ရက်(ယနေ့)တပေါင်းလပြည့်နေ့နံနက်အစောပိုင်းကလည်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ရုံးဝန်ထမ်းများက ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here