ရွှေစာရံဘုရားကမ်းခြေ၌ ရေနစ်နေသည့်လူငယ် ၃ ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့

0
563

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်ရှိ ရွှေစာရံဘုရားကမ်းခြေ၌ မတ် ၅ ရက်(ယနေ့)တွင် ရေဆင်းဆော့ရာမှရေနစ်နေသည့် လူငယ် ၃ ဦးအားအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ သိရသည်။

ယနေ့တွင် ရွှေစာရံဘုရားကမ်းခြေ၌ ရေနစ်နေသည့် လူငယ် ၃ ဦးရှိနေကြောင်း သတင်းအရ ရွှေစာရံ ဘုရားကမ်းခြေရှိ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)၏ အရေးပေါ်တုန့်ပြန်ကယ်ဆယ်ရေး(ယာယီ)စခန်းမှ အဖွဲ့ဝင်များကရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် အသက်(၂၀)နှစ်ခန့်ရှိ လူငယ် ၁ ဦးအား မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ဒုဌဝတီမြစ်ကမ်း အနီး၊ အသက်(၂၀)နှစ်ခန့်ရှိ လူငယ် ၁ ဦးအား မွန်း လွဲ ၂ နာရီ ၁၀ မိနစ်နှင့်အသက်(၂၄)နှစ်ခန့်ရှိ လူ ငယ် ၁ ဦးအား မွန်းလွဲ ၂ နာရီခွဲတွင် ဒုဌဝတီမြစ် လည်ခေါင်တို့မှ အသက်ရှင်လျက်အသီးသီးကယ် ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

” ၃ ယောက်လုံးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပါတယ် ရွှေစာရံဘုရားပွဲကိုလာရင်းနဲ့ရေ ဆင်းကူးကြတာလို့ပြောတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here