ကလေးအယောက် ၄၀ ကို သယ်ဆောင်လာသည့် ဘတ်စ်တစ်စီး ပြင်သစ်တွင် တိမ်းမှောက်သဖြင့် ၂၁ ဦး ဒဏ်ရာရ

0
178

ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင်တန်းသို့ လေ့လာရေးခရီးထွက်ကြသည့် မူလတန်းကျောင်းသူကျောင်းသား ၄၀ ဦးကို သယ်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး စနေနေ့က တောအုပ်တစ်ခုအတွင်း ချောင်းထဲသို့ ထိုးကျသွားခဲ့ရာ ယာဉ်မောင်းနှင့် ၎င်း၏အဖော်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး အခြား ကလေးငယ် ၁၈ ဦးနှင့် အရွယ်ရောက်သူ ၁ ဦးတို့မှာလည်း ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြသဖြင့် အားလုံးပင် ကုသမှုခံယူခဲ့ရကြောင်း အခင်းဖြစ်ပွားသည့်ဒေသ၏ မြို့တော်ဝန် Fabien Mulyk က ပြောကြားခဲ့သည်။ “သူတို့အားလုံး အဆင်ပြေပါတယ်” ဟု ၎င်းက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးတရားလွှတ်တော် က အမှုဖွင့်စစ်ဆေးလျက်ရှိသည်။ “ဖြစ်နိုင်ချေအရှိဆုံးအခြေအနေ” မှာ ယာဉ်မောင်းတွင် ဆေးဖက်ဆိုင်ရာ ပြဿနာတစ်ခုခုရှိနေခြင်းဖြစ်နိုင်ကြောင်း  မြို့တော်ဝန်က ပြောကြားသည်။

ဘတ်စ်ကား မောင်းနှင်နေချိန်တွင် ရာသီဥတု အခြေအနေ ကြည်လင်နေပြီး ဘတ်စ်ကား တိမ်းမှောက်ခဲ့သည့် နေရာတွင်လည်း ရေခဲ သို့မဟုတ် နှင်းများ မရှိကြောင်း ဒေသခံ တာဝန်ရှိသူများက ပြင်သစ် မီဒီယာသို့ ပြောကြားခဲ့သည်။ ကလေးအားလုံးမှာလည်း ထိုင်ခုံခါးပတ်များ ပတ်ထားသည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here