အရက်မူးပြီး မိမိနံဘေးမှခရီးသည်ပေါ် ဆီးပေါက်ချသည့် အိန္ဒိယကျောင်းသားအား လေကြောင်းလိုင်းက စီးနင်းခွင့်ပိတ်ပင်

0
914

နယူးယောက်မြို့မှ နယူးဒေလီသို့ ပျံသန်းလာသည့် အမေရိကန်လေကြောင်းလိုင်းတစ်ခုပေါ်တွင်  စနေနေ့က စီးနင်းလိုက်ပါလာသော အိန္ဒိယနိုင်ငံမှခရီးသည်တစ်ဦးသည် အရက်မူးနေချိန်တွင် မိမိနံဘေးမှ ခရီးသည်တစ်ဦးထံ ဆီးသွားခဲ့သဖြင့် ယင်းလေကြောင်းလိုင်းက နောက်နောင် စီးနင်းခွင့်မပြုတော့ကြောင်း ဆိုသည်။ ဆီးသွားသည်ဟု စွပ်စွဲခံရသူမှာ အမေရိကန် တက္ကသိုလ်တစ်ခုတွင် ကျောင်းတက်နေသည့် အသက် ၂၁ နှစ်အရွယ် အိန္ဒိယနိုင်ငံသား Arya Vohra ဆိုသူ ဖြစ်ကြောင်း သိရသည်။

John F. Kennedy အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Indira Gandhi အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းလာသော လေယာဉ် ခရီးစဉ်အမှတ် AA292 ပေါ်တွင် အဆိုပါခရီးသည်က စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ ပြုမူခဲ့ခြင်းကို လေယာဉ်ဆိုက်ရောက်ချိန်တွင် ဒေသဆိုင်ရာဥပဒေစိုးမိုးရေးအရာရှိတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းမှ ထုတ်ပြန်ချက်တွင် ဆိုထားသည်၊ လေယာဉ်သည် ည ၉ နာရီ ၅၀ မိနစ်တွင် လေယာဉ်သည် Indira Gandhi အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့သည်။

လေယာဉ်ပေါ်လိုက်ပါစီးနင်းသူအား နောင်တွင် စီးနင်းခွင့်ပြုတော့မည်မဟုတ်ကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

“လေယာဉ်ဆိုက်ရောက်ချိန်မှာတော့ အဲဒီ ခရီးသည်ဟာ အလွန်အမင်းမူးနေပြီး လေယာဉ်ပေါ်ပါ အမှုထမ်းတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်းမရှိကြောင်း တာဝန်ရှိသူက အကြောင်းကြားခဲ့ပါတယ်။ သူဟာ ဝန်ထမ်းတွေနဲ့ ထပ်ခါထပ်ခါ ငြင်းခုံနေတာကြောင့် ခရီးသည်တွေအတွက် အနှောင့်အယှက်ဖြစ်ခဲ့ရသလို၊ လေယာဉ်အမှုထမ်းတွေနဲ့ လေယာဉ်ရဲ့ ဘေးကင်းရေးကိုလဲ ဆက်တိုက်ဆိုသလို အန္တရာယ်ဖြစ်စေခဲ့ပါတယ်။ အဲဒီလို အနှောက်အယှက်ဖြစ်စေပြီးနောက် နောက်ဆုံးမှာ ခုံနံပါတ်15G မှာ ထိုင်နေတဲ့သူပေါ်ကို သူက ဆီးသွားခဲ့ပါတယ်” ဟု လေကြာင်းလိုင်းမှ ပြောကြားခဲ့ကြောင်း ANI သတင်းဌာနက ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here