“မန်းရာဇာ”အဝေးပြေးခရီးသည်တင်(Express) ကားပေါ်၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေးမွေးဖွား

0
416

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ၁၁၅ မိုင်ယာဥ်ရပ်နားစခန်း၌ ရပ်နားထားသည့် “မန်းရာဇာ”အဝေးပြေးခရီးသည်တင်(Express)ကားပေါ်တွင်လိုက်ပါလာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး မတ် ၅ ရက်ည ၁၀ နာရီခန့်က ကလေးမွေးဖွားခဲ့ကြောင်း သိရသည်။

၁၁၅ မိုင်ယာဥ်ရပ်နားစခန်း၏ ပိုင်အိုးနီးယား စားသောက်ဆိုင်၌ ရပ်နားခဲ့သည့် “မန်းရာဇာ”အဝေးပြေးခရီးသည်တင်(Express)ကားမှ ပြန်လည်ထွက်ခွာရန် ခရီးသည်များအားစုနေစဥ် ကားပေါ်၌ လိုက်ပါလာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှ ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။

Express ကားပေါ်၌ ကလေးမွေးဖွားနေကြောင်း သိရှိရသဖြင့် ပိုင်အိုးနီးယား စားသောက်ဆိုင်ပိုင်ရှင်မှ ယာဥ်ရပ်နားကွင်း၌ရပ်ထားသည့် “မန်းရာဇာ”ကားပေါ်သို့ ကလေးအနှီးများယူဆောင်ကာ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

ကလေးမွေးဖွားနေချိန်၌ အမြန်လမ်းကြက်ခြေနီအသင်းမှ အရေးပေါ်ကူညီမှုများပြုလုပ်နိုင်ရန် အသင့်စောင့်ဆိုင်းပေးခဲ့ပြီး သားဖွားဆရာမမှ ချက်ကြိုးဖြတ်ပေးခြင်း၊အချင်းကျရန်ပြုလုပ်ပေးခဲ့သဖြင့် မိခင်နှင့်ကလေးတို့ကျန်းမာလျက်ရှိကြောင်း သိရသည်။

Photo-ကိုဇော်မိုး


LEAVE A REPLY

Please enter your comment!
Please enter your name here