မင်းသားဟယ်ရီအား နန်းတက်ပွဲ တက်ရောက်ရန် ချားစ်လ်ဘုရင် ဖိတ်ကြား

0
215

မင်းသား ဟယ်ရီနှင့် ဇနီးဖြစ်သူ မီဂန်တို့ကို မေလ ၆ ရက်နေ့တွင် ကျင်းပမည့် ချားလ်စ် ဘုရင်၏ နန်းတက်ပွဲသို့ တက်ရောက်ရန် ဖိတ်ခေါ်ကြောင်း သူတို့နှစ်ဦး၏ ပြောရေးဆိုခွင့်ရှိသူက စီအင်န်အင်န် သတင်းဌာနသို့ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

“မင်းသားဟယ်ရီဟာ နန်းတက်ပွဲနဲ့ ပတ်သက်ပြီး ဘုရင်မင်းမြတ်ရုံးတော်ကနေပေးပို့တဲ့ အီးမေးလ် တစ်စောင်ကို မကြာသေးမီကမှ ရခဲ့တယ်ဆိုတာကို ကျွန်တော် အတည်ပြုပေးလို့ရပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

သို့ရာတွင် မင်းသားဟယ်ရီနှင့် မီဂန်တို့ နန်းတက်ပွဲသို့ တက်ရောက်မည် မတက်ရောက်မည်ကိုမူ သေချာစွာမသိရှိရသေးကြောင်း သူက ပြောခဲ့သည်။

မင်းသားဟယ်ရီနှင့် မီဂန်တို့သည် မကြာသေးမီကမှ ဗြိတိန်တွင်ရှိသော သူတို့နှစ်ဦး၏ တစ်ခုတည်းသော နေအိမ်တော်ဖြစ်သည့် ဖရော့ဂ်မော ကော့တေ့ချ်အိမ်မှ ချားလ်စ်ဘုရင်၏ မောင်းထုတ်ခြင်းကို ခံခဲ့ရပြီးနောက် ယခုကဲ့သို့ ဖိတ်ကြားခံခဲ့ရခြင်းဖြစ်သည်။

ချားလ်စ်ဘုရင်နှင့် ကြင်ယာတော်မိဖုရား ကာမီလာတို့သည် မေလ ၆ ရက်နေ့တွင် ဝက်စ်မင်စတာ တော်ဝင်ဘုရားရှိခိုးကျောင်းကြီး၌ ဘိသိက်ခံပွဲကို ကျင်းပသွားမည်ဖြစ်သည်။ ဘိသိက်ပွဲကို သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး အများပြည်သူများကိုလည်း ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်သွားမည်ဟု သိရသည်။

Source: စီအင်န်အင်န်


LEAVE A REPLY

Please enter your comment!
Please enter your name here