ကမ္ဘောဒီးယား၌ ကျန်းမာရေးပြဿနာကြောင့် ဖခင်နှင့် ၄ နှစ်သားကလေးတို့အဆုံးစီရင်

0
166

ဖနွမ်းပင်၊မတ် ၆

ကမ္ဘောဒီးယားနိုင်ငံ၌ ကျန်းမာရေးပြဿနာကြောင့် ဖခင်ဖြစ်သူက ၎င်းကိုယ်တိုင်နှင့် လေးနှစ်အရွယ်ကလေးငယ်အား အဆုံးစီရင်ခဲ့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယင်းသို့အဆုံးစီရင်မှုသည် မတ်လ ၄ ရက်နေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဖခင်ဖြစ်သူမှာ အသက် ၃၅ နှစ်အရွယ်ဖြစ်ပြီး သားဖြစ်သူမှာ ၄ နှစ် အရွယ်သာရှိသေးသည်ဟု ရဲများကပြောကြားခဲ့သည်။

အဆိုပါအမျိုးသားသည် ၎င်း၏ဆုံးဖြတ်ချက်အတွက် တောင်းပန်ကြောင်းလည်း စာတစ်စောင်ရေးသားခဲ့ပြီး ယခုကဲ့သို့ပြုလုပ်ရခြင်းမှာ တစ်ပတ်လျှင်သုံးကြိမ်အထိ ကျောက်ကပ်ဆေးနေရသည့် စိတ်ဖိစီးမှုများကြောင့်ဖြစ်သည်ဟုရေးသားထားသည်။

၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းများကို စစ်ဆေးမှုပြုလုပ်ပြီးနောက် ထုံးတမ်းစဉ်လာနှင့်အညီသင်္ဂြိုဟ်နိုင်ရန် မိသားစုထံသို့ပြန်လည်ပို့ထားပေးပြီးဖြစ်သည်ဟုဆိုသည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here