ဖုန်းလုယူပြီး ဖုန်းပိုင်ရှင် အမျိုးသမီး၏ ဦးခေါင်းကိုပါ ဓားနဲ့ခုတ်သည့်ဖြစ်စဉ် လှိုင်သာယာတွင် ဖြစ်ပွား

0
135

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် အမျိုးသမီးတစ်ဦး ဖုန်းလုယက်ခံခဲ့ရပြီး လုယက်သူများက အမျိုးသမီး၏ ဦးခေါင်းကို ဓားနှင့်ခုတ်သွားကြောင်း သွေးဒါန လူမှုကူညီရေးအသင်းမှသိရသည်။

အဆိုပါဖြစ်စဉ်သည် မတ်လ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး လှိုင်သာယာမြိုနယ်၊ ရိုးလေးမှတ်တိုင်အနီး ကမ္ဘာသစ်ဆီဆိုင်အရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လုယက်သူတွေက ဖုန်းကိုလုယက်သွားပြီးနောက် အမျိုးသမီး၏ ဦးခေါင်းကိုပါ ဓားနှင့်ခုတ်ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်ဟုဆိုသည်။

ဓားဖြင့်အခုတ်ခံရပြီး သွေးထွက်လွန်နေသည့် ယင်းအမျိုးသမီးကို လိုအပ်သည့် ဆေးကုသမှုပေးခဲ့ပြီး လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here