သင်္ကြန်ကာလအတွင်း ယာဉ်အစီးရေပိုထွက်ပေးရန်နှင့် လက်မှတ်ခပိုမရောင်းရန် ညွှန်ကြားထားဟုဆို

0
151

သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း နယ်သို့ပြန်မည့်သူများသည့်အတွက် ယာဉ်အစီးရေပိုထွက်ပေးရန်နှင့် လက်မှတ်ခပိုမရောင်းရန်ညွှန်ကြားထားကြောင်း YRTC မှ သိရသည်။

“ အဝေးပြေးနဲ့ပတ်သက်ပြီးတော့ ယာဉ်စီးခပိုမကောက်ဖို့၊ မှတ်ပုံတင်မပါရင် လက်မှတ်မရောင်းဖို့တွေ ညွှန်ကြားထားတယ်။ ခရီးသည်တွေများမှာဖြစ်တဲ့အတွက် ယာဉ်အစီးရေ လုံလုံလောက်လောက်ထွက်ပေးဖို့၊ ပြီးတော့ ခရီးသည်တွေကားပေါ်မှာ မဖြစ်မနေ အသက်ကယ်ထိုင်ခုံခါးပတ်ဖို့လည်း ပြောထားတယ်။ဟိုတစ်လောတုန်းက အမြန်လမ်းမှာ ယာဉ်မတော်တဆဖြစ်ပြီး ခရီးသည်တွေ ထိခိုက်ဒဏ်ရာရခဲ့တာတွေ ဖြစ်ခဲ့တယ်။ ဒါကြောင့် ခရီးသည်တွေဘေးကင်းဖို့အတွက် ထိုင်ခုံခါးပတ်ပတ်ဖို့လုပ်ဆောင်ခိုင်းတာဖြစ်ပါတယ်” ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

ရန်ကုန်မှအဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၂၁၂ လိုင်း၊ ယာဉ်အစီးရေ ၆၆၀ နေ့စဉ်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၁၈၄၀ ဦးစီးနင်းမှုရှိကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်းတွင် ရန်ကုန်မြို့မှနယ်ကိုပြန်သည့်ခရီးသွားများပြားမှုကြောင့် အဝေးပြေးကားလက်မှတ်များဝယ်ယူရ ခက်ခဲနေပြီး ကြိုတင်ဝယ်ယူရာ၌ အဆင်မပြေမှုများလည်း ရှိနေသည့်အတွက် အဝေးပြေးကားလက်မှတ်များရောင်းချရာ၌ မှောင်ခိုရောင်းချမှုဖြစ်စဉ်မှာလည်း နှစ်တိုင်းဖြစ်ပွားနေခြင်းဖြစ်သည်။

ခရီးသည်များအနေဖြင့် လက်မှတ်ဈေးနှုန်းပိုရောင်းသည့် ယာဉ်လိုင်းများရှိပါက YRTC သို့တိုင်ကြားနိုင်ကြောင်းလည်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here