အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များကော်မတီနှင့်အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့ကြားဆွေးနွေးပွဲသို့  မြန်မာအမြဲတမ်းကိုယ်စားလှယ်တက်ရောက်

0
174

အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များကော်မတီ(CPR)နှင့်အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်(AICHR)တို့ကြား တွေ့ ဆုံဆွေးနွေးပွဲအား အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ မတ် ၃ ရက်ကကျင်းပခဲ့သည်။

အစည်းအဝေး၌ ၂၀၂၃ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ဦးစားပေး လုပ်ငန်းအစီအစဉ်များ၊ AICHR ၏ ၂၀၂၂-၂၀၂၃ ခုနှစ် လုပ်ငန်းအစီအစဉ်များနှင့် CPR နှင့် AICHR တို့ကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကိုဆွေးနွေးခဲ့ကြသည်။

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဌာန၊အာဆီယံရေး ရာဦးစီးဌာန၊ ဒု-ညွှန်ကြားရေး မှူးချုပ်၊ AICHR-Myanmar Alternate Representative ဦးဇော်ဇော်စိုးနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ ဘာသာရပ်တာဝန်ခံများလည်းတက်ရောက်ခဲ့ကြသည်။ 

ထို့ပြင် အာဆီယံဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များ၊ AICHR အဖွဲ့ဝင်များ၊အာဆီယံ နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ ဒု-အတွင်းရေးမှူးချုပ် Michael Tene ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တီမောလက်စ်တေ သံအမတ်ကြီး Filomeno Aleixo da Cruz မှလည်း အ စည်းအဝေးသို့ လေ့လာသူအဖြစ်တက်ရောက်ခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၇ ရက်မှမတ် ၃ ရက်အထိ ဂျကာတာမြို့၌ ကျင်းပသည့် (၃၆)ကြိမ်မြောက် AICHR အစည်းအဝေး၊ AICHR နှင့်အာဆီယံအတွင်းရေးမှူးချုပ်၊အာဆီယံ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့်မြှင့်တင်ရေးဆိုင်ရာ ကော်မရှင်(ACWC)၊အာဆီယံရွှေ့ပြောင်းအလုပ် သမားများအခွင့်အရေးကာကွယ်ရေးနှင့်မြှင့်တင်ရေးအကောင်အထည်ဖော်မှုဆိုင်ရာကော်မတီ (ACMW)တို့နှင့်သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့ပြင် ဩစတြေးလျ၊အီးယူတို့နှင့်တွေ့ဆုံသည့် သီးခြားအစည်းအဝေးများသို့လည်း မြန်မာကိုယ် စားလှယ်အဖွဲ့မှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here