မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာအပြင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားမည်

0
282

နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊အာရှရေးရာအ ထူးကိုယ်စားလှယ် H.E. Mr. Deng Xijun တို့တွေ့ ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ အာရှရေးရာအထူးကိုယ်စားလှယ်အား မတ် ၆ ရက်နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ 

တွေ့ဆုံစဥ် နယ်စပ်ဒေသနှင့်ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်မှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်လျက်ရှိကာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များတွင် တရုတ်နိုင်ငံမှကူညီဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကာ နှစ်နိုင်ငံကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်မှုများ ပြန် လည်ကောင်းမွန်လာရေးနှင့်နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမှု၊နှစ်နိုင်ငံစီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့် ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုများ ယ ခုထက် ပိုမိုတိုးတက်မြှင့်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိမှု၊မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊နိုင်ငံတကာရေးရာကိစ္စများနှင့်ဒေသတွင်းတည်ငြိမ်အေးချမ်းမှုဖော်ဆောင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲ ဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်တာဝန်ရှိသူများ၊အာရှရေးရာအထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here