ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်အတုများဖြင့်နယ်စပ်ဖြတ်သန်းသွား လာမှုများရှိ၍ စီစစ်အရေးယူနေ

0
147

ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ၃ နှစ်ခန့်ယာယီပိတ်ထားခဲ့သည့် ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)အား ဖေဖော်ဝါရီ ၂၀ ရက်က နှစ်နိုင်ငံကူသန်းသွားလာမှုနှင့်ကုန်စည်ကူးသန်း ရောင်းဝယ်မှုများအဆင်ပြေစေရေးတို့အတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ချစ်ကြည်ရေးတံတားအမှတ်(၁)ပေါ်မှ ဖြတ်သန်းသွားလာမည့်သူများအနေဖြင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်း အ​ထောက်ထားပြသပါက ဖြတ်သန်းသွားလာခွင့်လက်မှတ်များကို သက်ဆိုင်ရာက ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ဖြတ်သန်းသွားလာခွင့်လက်မှတ်များထုတ် ပေးရာတွင် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်အတုများပြသ၍ ဖြတ်သန်းခွင့်လက်မှတ်လာရောက်ပြုလုပ်သူများရှိနေသဖြင့် တာဝန်ရှိသူများက စီစစ်အရေးယူမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ကိုဗစ်ကာကွယ်ဆေးထိုးပြီကြောင်း လက်မှတ်ပြမှသာ ဖြတ်သန်းသွား လာခွင့်ပြုတဲ့ BP နဲ့ TBP လက်မှတ်တွေထုတ်ပေးတာပါ ။အခု ဖြတ်သန်းခွင့်လာလုပ်တဲ့လူတချို့က ကာကွယ် ဆေးထိုးပြီးကြောင်းလက်မှတ်အတုတွေနဲ့လာလုပ်တာကိုတွေ့ရတယ်။ သေချာစီစစ်နေပါတယ်” ဟုတာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်အတုပြုလုပ်သူများအား ဥပဒေအရအရေးယူနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးထားတဲ့လက်မှတ်ကိုပုံစံတူအတုလုပ် အခကြေးငွေယူပြီးထုတ်ပေးတာပေါ့ ။စစ်ဆေးတွေ့ရှိတာနဲ့အဲဒီလက် မှတ်အတုကို သိမ်းလိုက်တယ်”ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁)မှ ဖြတ်သန်းသွားလာမည့်သူများအနေဖြင့် ဖြတ်သန်းသွားလာခွင့်လက်မှတ်ပြုလုပ်ရန် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပြသနိုင်ခြင်းမရှိပါက ၂၄ နာရီအတွင်း ကိုဗစ်(၁၉)ရောဂါပိုးရှိ/မရှိ စစ်ဆေးထားသည့် ဆေးအဖြေလွှာပြနိုင်ပါကလည်း နယ်စပ်ဖြတ် သန်းခွင့်လက်မှတ်များပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေးအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၁၀ နာရီမှမွန်းတည့် ၁၂ နာရီ အထိ ထိုးနှံပေးလျက်ရှိသည်။
Photo-မကြည်ပြာ


LEAVE A REPLY

Please enter your comment!
Please enter your name here