မက္ကဆီကိုတွင် အမေရိကန် နိုင်ငံသား လေးဦးအား သေနတ်သမားတစ်စုက လူမှား၍ ပြန်ပေးဆွဲ

0
144

သေနတ်သမားတစ်စုသည် မက္ကဆီကိုနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြီးခဲ့သည့်အပတ် သောကြာနေ့က အမေရိကန် နိုင်ငံသား လေးဦးအား လူမှား၍ သေနတ်ဖြင့် ပစ်ခတ်ကာ ပြန်ပေးဆွဲသွားကြောင်း အမေရိကန် အရာရှိတစ်ဦးက စီအင်န်အင်န်သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံသားများသည် သေနတ်သမားများ ပြန်ပေးဆွဲရန် ရည်ရွယ်ထားသူများမဟုတ်ဘဲ မှားယွင်း၍ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်ဟု ယူဆရကြောင်း အဆိုပါ အရာရှိက ပြောသည်။

မက္ကဆီကို မူးယစ်ဂိုဏ်းတစ်ခုက ထိုအမေရိကန် နိုင်ငံသားများအား ဟေတီမူးယစ်ဆေး မှောင်ခိုလုပ်သူများနှင့် မှားယွင်းကာ ဖမ်းဆီးသွားသည်ဟု စုံစမ်းစစ်ဆေးသူများက ယူဆထားသည်။

အဆိုပါ အမေရိကန် နိုင်ငံသားများသည် ဆေးဝါးပစ္စည်းများ ဝယ်ယူရန်အတွက် နယ်စပ်မြို့ဖြစ်သည့် မာတာမိုရို့စ်မြို့သို့ အဖြူရောင် ဗင်ကားဖြင့် ဝင်ရောက်လာစဉ် သေနတ်သမားများ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း အပြစ်မရှိသော မက္ကဆီနိုင်ငံသားတစ်ဦးလည်း ကျည်ထိမှန်၍ သေဆုံးခဲ့ရကြောင်း မက္ကဆီကိုနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကန်ဆားလက်ဇား က ပြောကြားခဲ့သည်။

အက်ဖ်ဘီအိုင်က အမည်မသိရှိရသေးသော အဆိုပါ အမေရိကန်နိုင်ငံသားများကို ရှာဖွေရာနှင့် ပြန်ပေးဆွဲသူများကို ဖမ်းဆီရာတွင် ကူညီပေးနိုင်သူများအား ဒေါ်လာငါးသောင်း ဆုချီးမြှင့်မည်ဟု ကြေညာထားသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here