ဘုန်းတော်ကြီးကျောင်းသို့ရေလာလှူသည့် ပရဟိအသင်းရေသယ်ကား နောက်ပြန်လိမ့်ကျကာသစ်ပင်ကြားညှပ်ပြီး ၁ ဦးသေဆုံး

0
186

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အာလောင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ရေလာလှူသည့် နိဗ္ဗာန်သုခပရဟိတအသင်းမှရေသယ်ကား မတ် ၇ ရက်(ယနေ့)နံနက်ပိုင်းက နောက်ပြန်လိမ့်ကျကာသစ်ပင်ကြားညပ်သွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်က စစ်ကိုင်းမြို့ နယ်၊ စစ်ကိုင်း-မင်းကွန်းလမ်းပေါ် အာလောင်ကျေးရွာရှိ ဥတ္တရဘောဓိကျောင်းတိုက်သို့ မန္တလေးမြို့အခြေစိုက် နိဗ္ဗာန်သုခပရဟိတအသင်းမှရေသယ်ကားဖြင့် ရေလှူဒါန်းရန်လာရောက်ခဲ့သည်။

ရေသယ်ကားသည် အာလောင် ၈ မျက်နှာဘုရားအတက်အရောက် နောက်ပြန်လိမ့်ကျပြီး သစ်ပင်ကြားတွင်ညပ်နေသဖြင့် စစ်ကိုင်းခရိုင်မီးသတ်စခန်း၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်း၊ ထုံးဘိုအရန်မီးသတ်စခန်း၊ သုခကာရီလူမှုကူညီရေးအသင်းနှင့် SERT အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

“ရေဝိတ်နဲ့အပေါ်ကိုတက်တဲ့အချိန် မနိုင်တော့ဘဲနောက်ပြန်လိမ့်ကျသွားတဲ့အနေအထားပါ။ သစ်ပင်ကြားမှာညပ်ပြီးရပ်သွားတယ်။ မိတ်ဖက်အသင်း‌တွေလည်း လာဝိုင်းကူပေးကြတယ်။ ၁ ယောက်သေတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ကြီးကြီး မားမားဘာမှမဖြစ်ဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဉ်ကြောင့် ရေသယ်ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား ၄ ဦးအနက် ၁ ဦးမှာအခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် သုခကာရီလူမှုကူညီရေးအသင်းကားဖြင့် စစ်ကိုင်းကုတင် (၂၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here