အမြန်လမ်းတွင် INSIGHT ကားရှေ့ဘီးပေါက်၍ လမ်းဘေးထိုးကျတိမ်းမှောက်

0
246

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းအပိုင်၌ မတ် ၇ ရက်(ယ နေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်စခန်းမှ သိရသည်။

ယနေ့နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ၁၁ မိုင်အမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၁၄/၃ နှင့် ၁၁၄/၄ ကြားတွင် INSIGH (ခဲရောင်)ကားသည် ရှေ့ဘယ်ဘက်ဘီးပေါက်၍ လမ်းဘေးသို့ထိုးကျတိမ်းမှောက်သွားခဲ့သည်။

ထို့ကြောင့် ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် ၁၁၅ မိုင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်တွင် ကားပေါ်၌လိုက်ပါလာသည့် အမျိုး သား ၃ ဦးနှင့်အမျိုးသမီး ၂ ဦးတို့အနက် အမျိုးသား ၁ ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၁၅ မိုင်ကြက်ခြေနီအသင်းမှ ဖြူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here