ဖေဖော်ဝါရီလအတွင်း ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၁၆၅၅၀၃ တန် တင်ပို့

0
206

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု မက်ထရစ်တန်ချိန် ၁၆၅၅၀၃ တင်ပို့ခဲ့ပြီး ဇန်နဝါရီလထက် တင်ပို့မှုလျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဆန်နှင့်ဆန်ကွဲများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းမှ တစ်ဆင့်တင်ပို့ရောင်းချနေခြင်းဖြစ်သည်။

ဖေဖော်ဝါရီလတွင် မက်ထရစ်တန်ချိန် ၁၆၅၅၀၃ တန် တင်ပို့ခဲ့ပြီး ဇန်နဝါရီလတွင် ၂၇၅၂၁၆ တန် တင့်ခဲ့ကြောင်း စာရင်းများအရ သိရသည်။

ဖေဖော်ဝါရီလတွင် ပြည်ပကို ဆန်တင်ပို့နေသည့် ကုမ္ပဏီပေါင်း (၅၁) ခုရှိပြီး တင်ပို့မှုတွင် ပင်လယ်ရေကြောင်းမှ ၁၁၇၈၆၈ မက်ထရစ်တန်နှင့် နယ်စပ်လမ်းကြောင်းမှ ၄၇၆၃၅ မက်ထရစ်တန် တင်ပို့ခဲ့သည်။

မြန်မာဆန်များအား တရုတ်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ ရိုမေးနီးယား၊ စပိန်၊ ပိုလန်၊ နယ်သာလန် အစရှိသည့် နိုင်ငံတွေကို တင်ပို့နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here