ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၆ ခု၌ လာမည့် ၂ ရက်အတွင်း နေ့အပူချိန်များတိုးမည်

0
203

မြန်မာနိုင်ငံ၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မတ် ၇ ရက်(ယနေ့)ညနေ ၄ နာရီက လာမည့် ၂ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၆ ခု၌ နေ့အပူချိန်များတိုးလာမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

လာမည့် ၂ ရက်အတွင်း၌ ရန်ကုန်တိုင်း၊နေပြည် တော်၊မကွေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေ့အပူချိန်များအနည်းငယ် တိုးလာမည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

“လတ်တလော  မြို့ထဲဖက်မှာနေတဲ့လူတွေကတော့မပြောတတ်ဘူး ကျွန်တော်တို့မြို့စွန်ဖက်မှာနေတဲ့လူတွေအတွက်ကတော့ မနက်အစောပိုင်းနဲ့ညဆို အအေးဓာတ်လေးရ​နေ​သေးတယ်”ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုကျော်စွာဝင်းကပြောသည်။

ထို့ပြင် စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင် ပြည်နယ်တို့တွင်နေရာကွက်၍ မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ကာ တနင်္သာရီတိုင်း၊ ရခိုင်ပြည် နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့၌ တိမ်အသင့်အတင့်ဖြစ်ပေါ်မည်ဟုလည်း မိုးဇလကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here