စစ်ကိုင်း ရတနာပုံတံတားပေါ်က ခုန်ချခဲ့သည့် သံဃာတစ်ပါး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့

0
132

မတ်လ ၅ရက်နေ့ ညနေပိုင်းအချိန်က ဧရာဝတီတံတား ရတနာပုံ စစ်ကိုင်းဘက်ခြမ်းမှ ခုန်ချသွားသော သံဃာတော်တစ်ပါး၏ ရုပ်အလောင်းကို သုံးရက်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ(စစ်ကိုင်း)မှ သိရသည်။

အဆိုပါ ရုပ်အလောင်းကို ယနေ့နံနက် ၈:၃၀ အချိန်ခန့်က ဧရာဝတီမြစ်အတွင်း ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသံဃာတော်တစ်ပါးအား SERT ရေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့်အတူ စစ်ကိုင်းမြို့နယ် မီးသတ်တပ်ဖွဲ့ သုခကာရီလူမှုကူညီရေးအသင်းအဖွဲ့ဝင်များမှ စနစ်တကျသယ်ယူပြီး စစ်ကိုင်းဆေးရုံကြီး ရင်ခွဲရုံသို့ သုခကာရီနာရေးယာဉ်ဖြင့် ဆက်လက်ပို့ဆောင်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here