ရည်စားဖြစ်သူရဲ့ ခွေးက နှာခေါင်းကိုက်ဖဲ့တာကို ခံလိုက်ရတဲ့ အမျိုးသမီး

0
185

အမေရိကန်နိုင်ငံ ကွန်နက်တီကတ်ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ရည်းစားဖြစ်သူရဲ့ခွေးက နှာခေါင်းကို ကိုက်ဖဲ့တာကို ခံခဲ့ရပါတယ်။

အိုလီဗီယာ ခွ(စ်)ဟာ ခွေးလေး ဘန်တလီကို အစာကျွေးဖို့ ငုံ့လိုက်ချိန်မှာ.ရုတ်တရက် ခွေးက ခုန်ကိုက်တာကို ခံခဲ့ရပါတယ်။

အိုလီဗီယာဟာ ကြောင်ချစ်သူဖြစ်ပြီး ဘန်တလီနဲ့လည်း မကြာသေးမီကမှ ခင်မင်ရင်းနှီးလာခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ပြောဆိုချက်အရ ဘန်တလီဟာ သူ့ပါးစပ်မှာ ကိုက်ထားတဲ့ သွားဖြူစက်ကနေ ထုတ်လွှတ်တဲ့ ခရမ်းလွန်ရောင်ခြည်ကိုမြင်ပြီး ကယောင်ကတမ်းဖြစ်ကာ အခုလိုမျိုး ကိုက်ဖဲ့ခဲ့တာလို့ သိရပါတယ်။

ဘန်တလီ ဟာ နှာခေါင်းကို ကိုက်ဖဲ့ပြီးတဲ့နောက် သူရဲ့လက်မောင်းကိုလည်း ဆက်ပြီးတော့ကိုက်ခဲ့ပါသေးတယ်။ အိုလီဗီယာဟာ ဘန်တလီက သူ့နဲ့ လွန်ဆွဲတိုင်း ကစားချင်လို့ ကိုက်နေတာထင်ပြီး အကိုက်ခံခဲ့တယ်လို့ ပြောလာပါတယ်။

ဘန်တလီရဲ့ ကိုက်ဖဲ့မှုကြောင့် အိုလီဗီယာရဲ့ နှာခေါင်းမှာရှိတဲ့ အသားစတွေနဲ့ အရိုးနုဟာ ပဲ့ထွက်သွားပါတယ်။ ယခုလက်ရှိ ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူထားပြီ ဖြစ်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ပြန်ကောင်းလာဖို့ တစ်နှစ်လောက် အချိန်ယူရမယ်လို့ သိရပါတယ်။

အဲဒီဖြစ်ရပ်နောက်ပိုင်း အိုလီဗီယာရဲ့ ရည်းစားဟာ သူ့ခွေးကို နာကျင်မှုမရှိဘဲ သေစေတဲ့ ဆေးတိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ရတယ်လို့ သိရပါတယ်။

အခုလိုမျိုး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တာဟာ ခွေးကြောင့်ပဲ မဟုတ်ဘဲ အိုလီဗီယာမှာ နဂိုကတည်းက အဲလာစ် ဒန်လော့ ဆင်ဒရုန်း (EDS) ဆိုတဲ့ ရှားပါတဲ့ အရေပြားရောဂါ ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။ EDS ရှိတဲ့လူတွေဟာ အလွယ်တကူ ပွန်းပဲ့ထိခိုက်လွယ်တာကြောင့် ထိခိုက်ဒဏ်ရာရနိုင်တဲ့ လှုပ်ရှားမှုတွေမှာ အထူးဂရုစိုက်ရတဲ့သူတွေလည်း ဖြစ်ပါတယ်။

Source: Metro


LEAVE A REPLY

Please enter your comment!
Please enter your name here