မြန်မာနိုင်ငံ၏ ၁၂၆ နိုင်ငံမြောက် သံတမန်ဆက်သွယ်မှုအဖြစ် ဂီနီဘစ်ဆောနိုင်ငံနှင့်သံတမန်ထူ ထောင်မှုလက်မှတ်ရေးထိုး

0
91

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေနှင့်တရုတ်နိုင်ငံဆိုင်ရာ ဂီနီဘစ်ဆော သံအမတ်ကြီး H.E. Mr. António Serifo Embaló တို့သည် မတ် ၆ ရက်က ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ နှစ်နိုင်ငံကြား သံတမန် အဆက်အသွယ်ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ် သည်။

မြန်မာနိုင်ငံနှင့်ဂီနီဘစ်ဆောနိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူကြီးများနှင့်အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကိုအခြေခံ၍ သံတမန်ဆက်ဆံရေးနှင့်ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရန် သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ်ထူထောင်ခဲ့ကြခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here