ရခိုင်ပြည်နယ်ရှိ မြောက်ဦးဟိုတယ်အား သင်္ကြန်မတိုင်မီဖွင့်လှစ်မည်

0
162

​တက္ကသိုလ်ဝင်စာ​မေးပွဲပြီးပါက ခရီးသွား များပိုများလာမည့်​နွေရာသီ နှင့်သင်္ကြန်တို့တွင် ဧည့်များမည့် ရခိုင်ပြည်နယ်တွင် ​ဟော်တယ် ဘွတ်ကင်များ ကျပ်​နေပြီဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ နိုင်ငံတော်ပိုင် မြောက်ဦးဟိုတယ်အားလည်း သင်္ကြန်မတိုင်မီဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိ​နေသည်။

“နိုင်ငံတော်ပိုင် မြောက်ဦးဟိုတယ်ကို သင်္ကြန်မတိုင်မီဖွင့်လှစ်သွားဖို့စီစဥ်နေပါတယ် သူနဲ့ချိတ်ဆက်ပြီး ရွှေဂန္ဓဝင်ခရီးသွားလုပ်ငန်းက မြောက်ဦးကို သင်္ကြန်တွင်းမှာ စစ်တွေကနေမြောက်ဦးခရီးစဥ်အတွက်လက်မှတ် တွေရောင်းနေတယ် အောင်မြင်မယ်လို့ထင်ပါတယ်”ဟု ရခိုင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးဦးတင်ထွန်းအောင်ကပြောသည်။

ရခိုင်ပြည်နယ်အတွင်း၌ လုပ်ငန်းလိုင်စင်ရယူထားသည့် ဟိုတယ် ၅၂ လုံးနှင့်တည်းခိုရိပ်သာ ၅၀ လုံး (စုစုပေါင်း ၁၀၂ လုံး)ရှိကာ လက်ရှိအချိန်တွင် ဟိုတယ် ၄၆ လုံးနှင့်တည်းခိုရပ်သာ ၄၁ လုံး(စုစု ပေါင်း ၈၇ လုံး)ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

“ငပလီက ဟိုတယ်တွေမှာဆိုရင် သင်္ကြန်အတွက် အခန်းကြိုပြီးမှာတာတွေရှိနေပြီ ဟိုတယ်တွေကလည်း Online ကနေတဆင့်ရောင်းနေပြီ ပြည်ပခရီးသွားတွေလည်း လာကြဖို့ရှိတယ်။ အခုလည်းလာနေတယ်။ ကိုဗစ်ကာလမတိုင်ခင်ကလောက်တော့ ဧည့်သည်ဝင်ရောက်မှုက အားရပါးရမရှိသေးဘူး”ဟု ရခိုင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးဦးတင်ထွန်းအောင်ကပြောသည်။

လက်ရှိအချိန်၌ ရခိုင်ပြည်နယ်အတွင်းသို့ ပြည်တွင်းခရီးသွားများလာရောက်လည်ပတ်မှုများ ပြားလျက်ရှိကာ သင်္ကြန်တွင်း၌လာရောက်လည်ပတ်သူပိုမိုများပြားနိုင်ကြောင်း ရခိုင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးဦးတင်ထွန်းအောင်၏ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here