ယမန်နေ့ညကရန်ကုန်တွင်  ကားတိုက်မှု ၃ ခုဖြစ်ပွား ၁ ဦးဒဏ်ရာရ

0
475

ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ တန့်တော်မူစေ တီအုတ်ရိုးအား အိမ်စီးကားဝင်တိုက်မှုအပါအဝင် မတ် ၈ ရက်ညပိုင်းက မိနစ်ပိုင်းသာခြား၍ ကားတိုက်မှု ၃ခု ​နေရာမတူဖြစ်ပွားခဲ့သည်ဟု ရှင်သန်ရေးလူမှုကူ ညီရေးအသင်းမှ သိရသည်။

ယမန်နေ့ည ၁၁ နာရီ ၁၃ မိနစ်ခန့်က TOYOTA Vitz ကားသည် အရှိန်မထိန်းနိုင်ဘဲ ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ တန့်တော်မူစေတီအုတ်ရိုးအား ဝင်တိုက်ကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်ကို သွားပြီးကူညီတဲ့အချိန် လူထိခိုက်တာတော့မရှိဘူး။တိုက်မိတဲ့အရှိန်နဲ့ကားကလေအိတ်ပါပွင့်သွားတယ်။ ကားမောင်းတဲ့လူက ခါးပတ်ပတ်ထားတယ်”ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးထွန်းထွန်းဦးကပြောသည်။

ထို့ပြင် ည ၁၂ နာရီကျော်ခန့်တွင်လည်း ပါရမီလမ်းနှင့်ကမ္ဘာအေးဘုရားလမ်းမီးပိုင့်တွင် အိမ်စီးကားနှင့်အဌားကား Taxi တို့ထပ်မံတိုက်မိခဲ့ရာ ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ ကူညီကယ် ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြရာ ဖြစ်စဥ်၌ လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

ထို့အတူ မိနစ်ပိုင်းသာခြား၍ ကန်ဘဲ့လမ်းနှင့်က မ္ဘာအေးဘုရားလမ်းမီးပွိုင့်တွင် မီးပွိုင့်မိ၍ရပ်ထားသည့် အိမ်စီးကားအား အခြားကားတစ်စီးမှဝင်တိုက်မိ၍ အိမ်စီးကားမှာ လူသွားပလက်ဖောင်းပေါ်အထိ ရောက်သွားခဲ့ကြောင်း သိရသည်။

“နောက်ဆုံးယာဥ်တိုက်မှုမှာ ကားမောင်းတဲ့လူတစ်ယောက်ပဲ ရင်ဘတ်အောင့်တဲ့ဒဏ်ရာရသွားလို့ ရန်ကုန်ဆေးရုံကြီးကိုပို့ပေးခဲ့ရတယ်ပြောတယ်။ ကျွန်တော်တို့ကူညီဖို့သွားတဲ့အချိန် လူနာကတော့မရှိတော့ပါဘူး”ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်း ဥက္ကဋ္ဌဦးထွန်းထွန်းဦးကပြောသည်။

ဖြစ်စဥ်များတွင် ကားများပျက်စီးသွားခဲ့ပြီး အပျက်အစီးများအား ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here