ဓာတ်ဆီတစ်လီတာ ၇၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၅၅ ကျပ် ကျဆင်းလာ

0
134

ယနေ့ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ဓာတ်ဆီတစ်လီတာ ၇၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၅၅ ကျပ် ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

မတ်လ (၈) ရက်နေ့စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၂၁၅ ကျပ်၊ ၉၅ တစ်လီတာ ၂၂၉၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၆၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၃၄၀ ကျပ်ဖြစ်ပြီး ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၁၄၅ ကျပ် ၊ ၉၅ တစ်လီတာ ၂၂၃၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၀၅ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၂၈၅ ကျပ် ဖြစ်ကာ ယမန်နေ့ထက်ကျဆင်းလာခြင်းဖြစ်သည်။

ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here