ထိုင်းနိုင်ငံ ၊ ဘန်ကောက်ရှိ ကုန်တိုက်တစ်ခုတွင် မြန်မာအချင်းချင်း လူသတ်မှုဖြစ်ပွား

0
240

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ Platinum Mall တွင် မြန်မာနိုင်ငံသား အချင်းချင်း ဓားဖြင့်ထိုးသတ်သည့် ဖြစ်စဉ်တစ်ခု ယနေ့ မတ်လ (၉) ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါ်ပြူလာနယူး(စ်) က ကနဦးရရှိသည့် သတင်းအချက်အလက်အရ သမီးရည်းစား (၂) ဦး စကားများရန်ဖြစ်ရာမှ လက်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသော်လည်း ထပ်မံအတည်ပြုချက်အရ မြန်မာလူမျိုး အလုပ်သမား အချင်းချင်း စကားများရန်ဖြစ်ကာ အမျိုးသားဖြစ်သူက ဓားဖြင့်ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဓါးနဲ့ထိုးသူ အမျိုးသားက သေဆုံးသူဟာ သူ အလုပ်မှာ ပျင်းရိပြီး ဖုန်းပဲသုံးနေတယ်လို့ အလုပ်ရှင်ကို တိုင်လို့ စိတ်ဆိုးကာ အခုလို ဓါးနဲ့ထိုးလိုက်တာလို့ ပြောပါတယ်” ဟု ဘန်ကောက်လမ်းညွန် ကိုစိုင်းကလည်း ၎င်း၏ လူမှုကွန်ရက်တွင် အခင်းဖြစ်ရပ်နှင့် ပတ်သက်၍ ရေးသားထားသည်။

ဓားဖြင့် အထိုးခံရသူမှာ အသက် (၃၄)နှစ်အရွယ်ရှိ မဖြူဖြူအောင်ဆိုသူ မြန်မာနိုင်ငံသူဖြစ်ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း နီးစပ်သူများထံမှ သိရသည်။

ဓားဖြင့်ထိုးခဲ့သူ သက်လင်းဦးဆိုသူ မြန်မာနိုင်ငံသားကို လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့များက လူသတ်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သတင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here