၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ ဒုတိယနေ့တွင် စာ​ဖြေသူ ၁၇၀ ဦး ​လျော့

0
157

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ ဒုတိယနေ့ အင်္ဂလိပ်ဘာသာအား မတ် ၉ ရက်(ယနေ့)တွင် ဆက်လက်ဖြေဆိုရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လာရောက်ဖြေဆိုသူ ကျောင်းဖြေ/ပြင်ပဖြေ ၁၆၁၆၈၁ ဦးရှိကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

ယမန်နေ့က မြန်မာဘာသာဖြေဆိုရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၆၁၈၅၁ ဦးလာရောက်ဖြေဆိုခဲ့သဖြင့် ယနေ့ အင်္ဂလိပ်ဘာသာဖြေဆိုရာတွင် ၁၇၀ ဦးလျော့နည်းသွားကြောင်း အခြေခံပညာဦးစီးဌာနမှထုတ်ပြန်ခဲ့သည့် စာရင်းများအရ သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား တိုင်းနှင့်ပြည်နယ်အသီးသီးနှင့်နိုင်ငံခြားစာစစ်ဌာန ၅ ခုအပါအဝင် စာစစ်ဌာနပေါင်း ၈၆၃ ခုဖွင့်လှစ်ခဲ့ပြီး ဖြေဆိုရန်စာရင်းသွင်းထားသူ ကျောင်းဖြေ/ပြင်ပဖြေ ၁၇၉၈၄၃ ဦးရှိကြောင်း သိရသည်။

စာရင်းအရ မြန်မာဘာသာအား လာရောက်ဖြေဆိုသူ ကျောင်းဖြေ/ပြင်ပဖြေ ၁၆၁၈၅၁ ဦးရှိခဲ့သဖြင့် ပျက်ကွက်သူ ၁၇၉၉၂ ဦးရှိခဲ့ကာ ယနေ့ အင်္ဂလိပ်ဘာသာဖြေဆိုရာတွင်လည်း ၁၇၀ ဦးထပ်မံလျော့ နည်းသွားသဖြင့် ပျက်ကွက်သူ ၁၈၁၆၂ ဦးအထိရှိလာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here