ယာယီရပ်ဆိုင်းထားသည့် အကျဉ်းကျခံနေရသူများနှင့်၎င်းတို့၏ မိသားစုဝင်များတွေ့ဆုံခွင့်ပြန်ပေးမည်

0
139

နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) လုပ်ငန်းလည်ပတ်မှုဆိုင်ရာညွှန်ကြားရေးမှူး Mr. Martin Schuepp တို့မတ် ၈ ရက်နေ့လည် ၃ နာရီက တွေ့ဆုံစဥ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယာယီနေရပ်စွန့်ခွာသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများထောက်ပံ့ပေးအပ်နိုင်ရေး၊ ICRC အဖွဲ့မှဆောင်ရွက်ပေးသည့် အကူအညီများအား အကူအညီအမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိရေးအတွက် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကိုဗစ်(၁၉)ရောဂါကြောင့် ယာယီရပ်ဆိုင်းထားသည့် အကျဉ်းကျခံနေရသူများနှင့်၎င်းတို့၏ မိသားစုဝင်များ တွေ့ဆုံခွင့်ပြန်လည်ဆောင်ရွက်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဒု-ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင် စုဝန်ကြီးများဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒေါက်တာသက်ခိုင်ဝင်း၊ဒေါက်တာသက်သက်ခိုင်တို့ တက်ရောက်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူးနှင့်အတူ ICRC Regional Director for Asia and the Pacific , Ms.Christine Cipolla ၊ ICRC Resident Representative, Ms. Elean Ajmone Sessera တို့လည်း တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here