မသန်စွမ်းသူ စီးပွားရေးလုပ်ငန်းရှင်များကို ချေးငွေထုတ်ပေးမည်

0
162

မသန်စွမ်းသူများနှင့် မသန်စွမ်းအဖွဲ့အစည်းများသို့ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့်အညီ အထောက်အပံ့ပေးနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အသိပေးထားသည်။

အဆိုပါ စီးပွားရေးချေးငွေကို အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် မသန်စွမ်းသူများနှင့် မသန်စွမ်းအဖွဲ့အစည်းများသို့ ပြန်လည်ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေထုတ်ချေးမည့်အစီအစဉ်မှာ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ကာလတိုချေးငွေ (၃) နှစ်(ဆိုင်းငံ့ကာလ ၁ နှစ်၊ပြန်ဆပ်ကာလ ၂ နှစ်) ထုတ်ချေးပြီး အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှ မသန်စွမ်းသူစီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးပေးရေး ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

ချေးငွေထုတ်ချေးရာတွင် ချေးငွေပမာ၏ အနည်းဆုံး (၁၀) ရာခိုင်နှုန်းကို မသန်စွမ်းသူစီးပွားရေးလုပ်ငန်းရှင်များသို့ ဦးစားပေးထုတ်ချေးရမည်ဖြစ်သည်။

အထက်ပါချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုသည့် စုစုပေါင်းရပိုင်ခွင့် ၁၀ ဘီလီယံအထက်ရှိ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသည် ချေးငွေရယူလိုသည့်ပမာဏနှင့် ချေးငွေအပေါ်ပေးအပ်နိုင်မည့် အတိုးနှုန်းကို နောက်ဆက်တွဲပါ ချေးငွေလျှောက်လွှာတွင်ဖြည့်စွက်၍ တင်ပြရမည်ဖြစ်ပြီး ပူးတွဲတင်ပြရမည့်အထောက်အထား၊စာရွက်စာတမ်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနသို့ လူကိုယ်တိုင်လျှောက်လွှာများရယူ၍ လာမည့် ၂၄ ရက်နောက်ဆုံးထားပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here