ဆီဆိုင်များတွင် EV ယာဉ်များအတွက် Charging Station များသုံးလအတွင်း အပြီးတည်ဆောက်မည်

0
162

သတ်မှတ်ထားသည့် စက်သုံးဆီအရောင်းဆိုင်များတွင် EV ယာဉ်တွေအတွက် Charging Station တည်ဆောက်ခြင်းကို သုံးလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက နိုင်ငံပိုင်သတင်းစာတွင် ဖြေကြားထားသည်။

အမျိးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက ပထမအဆင့်အနေဖြင့် ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင်၂၄ ဆိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ၇ ဆိုင်နှင့် နေပြည်တော်ရှိ စက်သုံးဆိုင်အရောင်းဆိုင် ၇ ဆိုင် စုစုပေါင်း စက်သုံးဆီအရောင်းဆိုင် ၃၈ ဆိုင်တွင် EV Charging Station များ ထည့်သွင်းတည်ဆောက်ရန် ခွင့်ပြုထားပြီးဖြစ်သည်ဟုဆိုသည်။

အဆိုပါ စက်သုံးဆီအရောင်းဆိုင် ၃၈ ဆိုင်တွင် အားသွင်းစက် ၅၁ လုံးတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တွေဆီကနေ Charging Station ထည့်သွင်းတည်ဆောက်မည့် အစီအမံတွေကို တောင်းခံထားကြောင်း သိရသည်။

စက်သုံးဆီအရောင်းဆိုင်များတွင် EV ကားများအတွက် Charging Station တည်ဆောက်ခြင်းသည် အန္တရာယ်မရှိကြောင်း Farmer Auto Showroom မှ Chief Executive Officer ဒေါက်တာစိုးထွန်းက ပေါ်ပြူလာနယူးစ်သို့ ဖြေကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here