ကော့သောင်းမြို့နယ်တွင် ဆိုလာလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းသဘောတူစာချုပ်လက်မှတ်ထိုး

0
286

တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် Southern Coastline GroupCo.,Ltd တို့ကြား ဆိုလာနည်းပ ညာဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် B.O.O လက်မှတ်ရေးထိုးခဲ့ကြသည်။

ကော့သောင်းမြို့နယ်၊ဆယ်မိုင်ကျေးရွာတွင် ဆိုလာနည်းပညာဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး‌ရောင်းချရန် တည်ဆောက်၊ပိုင်ဆိုင်၊လုပ်ကိုင်ခြင်းဆိုင်ရာသဘောတူစာချုပ်(B.O.O) အား မတ် ၈ ရက်နံနက် ၈ နာရီက လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

တနင်္သာရီတိုင်းတွင် လျှပ်စစ်ဓာတ်အားလိုအပ် ချက်များစွာရှိပြီး ရင်းနှီးမြှပ်နှံမည်သူများလိုအပ်၍ ၂၀၁၀-၂၀၁၅ ခုနှစ်ကပင် လျှပ်စစ်ဓာတ်အားရရှိရန်ဆောင်ရွက်ခဲ့သဖြင့် လက်ရှိအချိန်၌ ထားဝယ်ခရိုင်တွင် ဂတ်စ်တာဘိုင်အနေဖြင့် အတိုင်းအတာတစ်ခုအထိအောင်မြင့်ခဲ့သည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုကပြောသည်။

“ထားဝယ်ဒေသမှာ ဂတ်စ်တာဘိုင်နဲ့ရေအားလျှပ် စစ်ဓာတ်အားပူးတွဲသုံးစွဲနေပါတယ်။ တိုင်းဒေသကြီးကို National Grid မဟာဓာတ်အားလိုင်း ရောက်လာရင် ထားဝယ်နဲ့မြိတ်ဒေသကို ဦးစားပေးဆောင်ရွက်ပေးသွားမှာပါ”ဟု တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုကပြောသည်။

ထို့ပြင် မြိတ်နှင့်ကော့သောင်းဒေသသို့ ထားဝယ်မှနေတဆင့် လျှပ်စစ်ဓာတ်အားပို့လွှတ်နိုင်ရန်ဆောင်ရွက်လျက်ရှိကာ တိုင်းအစိုးရအဖွဲ့မှ လိုအပ်သည်များကို ကူညီပေးသွားမည်ဖြစ်ကာ တနင်္သာရီတိုင်းတွင် လျှပ်စစ်ဓာတ်အားကို အတိုင်းအတာတစ်ခုအထိရရှိအောင်ဆောင်ရွက်ပေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here