မြေအောက်တွင် နှစ်ပေါင်း ၅သောင်းနီးပါး အေးခဲနေသော ‘ဇွန်ဘီး(Zombie)’ ဗိုင်းရပ်စ်ကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

0
315

အာတိတ်ဒေသမြေအောက်နက်ရှိုင်း၍ ဆက်တိုက်အေးနေသော နေရာတစ်ခုတွင် နှစ်ပေါင်း ၄၈၅၀၀ ခန့် အေးခဲနေသော ဇွန်ဘီး(Zombie)ဗိုင်းရပ်စ်ကို သိပ္ပံပညာရှင်များ မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ကြကြောင်း သိရသည်။

သို့ရာတွင် ယင်းသို့ ရှာဖွေတွေ့ရှိခြင်းကြောင်း စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းများကဲ့သို့ အန္တရာယ်ဖြစ်နိုင်ချေ နည်းပါးလှကြောင်း သိပ္ပံပညာရှင်တို့ကဆိုသည်။ အဓိကအားဖြင့် လူသားတို့ကို ခြိမ်းချောက်နေမှုများမှာ ဓာတုပစ္စည်းများနှင့် ရေဒီယိုသတ္တိကြွပစ္စည်းများသာလျှင်ဖြစ်ကြောင်း ဆိုသည်။

အထူးအေးခဲဒေသများသည် ကမ္ဘာ့မြောက်ဝင်ရိုးစွန်းဒေသ၏ ၅ပုံတစ်ပုံမျှကို လွှမ်းမိုးထားပြီး လူတို့မသိသေးသည့် အေးခဲအရာများ ယင်းဒေသတွင် ရှာဖွေတွေ့ရှိနိုင်သေးကြောင်းသိရသည်။ အဆိုပါ အရာများတွင် ရှေးခေတ်ဟောင်းက တိရစ္ဆာန်သေများတွင် ကပ်ညိနေသည့် ဗိုင်းရပ်စ်ပိုးများလည်း အပါအဝင်ဖြစ်သည်။

(CNN)


LEAVE A REPLY

Please enter your comment!
Please enter your name here