ပွဲစဉ် ၄ အထိ နိုင်ပွဲ မရသေးသည့် ရတနာပုံ နှင့် နိုင်ပွဲရှာတွေ့ခဲ့တဲ့ မြ၀တီ

0
145

၂၀၂၃ မြန်မာနေရှင်နယ်လိဂ်ပွဲစဥ် (၄) အဖြစ် ဧရာဝတီယူနိုက်တက်နှင့် မြဝတီ၊ မဟာယူနိုက်တက်နှင့် ရတနာပုံတို့ ယနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြသည်။

သု၀ဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဧရာဝတီယူနိုက်တက်နှင့် မြဝတီ ပွဲစဉ်တွင် မြ၀တီအသင်းက ဧရာ၀တီယူနိုက်တက်ကို ၃ ဂိုး ၂ ဂိုး ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဧရာဝတီယူနိုက်တက်သည် ပွဲစဉ် (၄) ပြီးဆုံးသည်အထိ နိုင်ပွဲမရရှိသေးဘဲ မြဝတီ အသင်းမှာ ယခုရာသီအတွက် ပထမဆုံးနိုင်ပွဲ ရရှိခဲ့ပြီဖြစ်သည်။

YUSC ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အညာဒါဘီဟု လူသိများသည့် မဟာယူနိုက်တက်နှင့် ရတနာပုံတို့ ပွဲစဉ်တွင် ဂိုးမရှိ သရေရလဒ်ဖြင့် ပွဲပြီးဆုံးသွားခဲ့သည်။

လူသစ်များဖြင့်ပြန်လည်ဖွဲ့စည်းထားသည့် နာမည်ကြီး ရတနာပုံအသင်းသည် လက်ရှိရာသီတွင် ပွဲစဉ် (၄) ပြီးဆုံးသည်အထိ နိုင်ပွဲ ရှာမတွေ့သေးဘဲ ၂ ပွဲသရေ ၂ ပွဲရှုံးထားသည်။

မနက်ဖြန်တွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နှင့် ဂျီအက်ဖ်အေ၊ အား/ကာသိပ္ပံနှင့် တန်းတက်ကချင်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here