အင်ဒိုနီးရှားမြေပြိုမှုကြောင့် သေဆုံးသူလူဦးရေ ၃၀ အထိရှိလာပြီဖြစ်

0
114

ဂျကာတာ၊မတ် ၉

အင်ဒိုနီးရှားမြေပြိုမှုမှသေဆုံးသူ ၃၀ အထိရှိလာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးပြုလုပ်သူများ၏ပြောကြားချက်အရသိရသည်။ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သေဆုံးသူကိုးဦး၏ရုပ်အလောင်းများအား ထပ်မံရှာတွေ့ခဲ့သဖြင့် သေဆုံးသူ ဦး စေ သည် ၃၀ အထိ မြင့်တက်လာခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါရုပ်အလောင်းများအား အပျက်အစီးနှင့်မြေသားပုံများအောက်မှ ပြန်ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ပျောက်ဆုံးနေသူ ၂၄ ဦးရှိနေသေးကြောင်းသိရသည်။အင်ဒိုနီးရှားသည် မိုးရာသီကာလအတွင်း မြေပြိုမှုအဖြစ်အများဆုံးနိုင်ငံတစ်ခုဖြစ်သည်။

သစ်တောပြုန်းတီးမှုများကြောင့်လည်း အချို့နေရာများတွင်ပိုမိုဆိုးရွားလာပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျွန်းစုနိုင်ငံ၏နေရာအသီးသီး၌ ရေကြီးရေလျှံမှုများလည်းဖြစ်ပေါ်လေ့ရှိသည်။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့်လည်း နိုင်ငံ၏ရာသီဥတုအခြေအနေမှာ ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်းလည်းပြောကြားထားသည်။

တာဝန်ရှိသူများအနေဖြင့်လည်း ယခုသဘာဝဘေးဒဏ်ခံစားခဲ့ရသည့်မိသားစုများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထားပြီး နောက်ထပ်မြေပြိုမှုဒဏ်မခံရစေရန် နေရာသစ်တစ်ခု၌ နေရာချပေးမည်ဖြစ်ကြောင်းလည်းဆိုသည်။

အိမ်နီးချင်းမလေးရှားနိုင်ငံ၌လည်း မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းခဲ့ပြီး ပြည်နယ်ပေါင်းများစွာမှ လူပေါင်း ၄၁,၀၀၀ နီးပါးလည်း ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရပြီး သေဆုံးသူလည်းငါးဦးအထိရှိလာပြီဖြစ်သည်ဟုသိရှိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အိတ်ချ်/စီအမ်


LEAVE A REPLY

Please enter your comment!
Please enter your name here