ထိုင်းနိုင်ငံချင်းမိုင်မြို့၌ လေထုညစ်ညမ်းမှုပြဿနာပိုဆိုးရွားလာကာ ကမ္ဘာ့အဆိုးရွားဆုံးထိဖြစ်လာ၊ဒေသခံများအား နှာခေါင်းစည်းများပင်ဝေမျှထားရဟုဆို

0
148

ဘန်ကောက်၊မတ် ၉

ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း၌အထင်ကရနေရာတစ်ခုဖြစ်သော ချင်းမိုင်မြို့၌ လေထုညစ်ညမ်းမှုပိုမိုဆိုးရွားလာကာ ကမ္ဘာ့အဆိုးရွားဆုံးအနေအထားသို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရှိရပြီး ဒေသခံများအားနှာခေါင်းစည်းများပင်ဝေမျှထားရသည်ဟုသိရသည်။

ဒေသခံများကိုလည်း တတ်နိုင်သမျှအိမ်အပြင်ထွက်မှုအားလျှော့ချရန်တိုက်တွန်းထားပြီး အပြင်ထွက်ချိန်၌ ချောင်းဆိုးခြင်း၊အသက်ရှူရာ၌ခက်ခဲခြင်းများဖြစ်လာနိုင်သည့်အတွက်လည်း မိမိတို့၏ကျန်းမာရေးအားဂရုစိုက်ကြရန် ညွှန်ကြားထားသည်ဟုသိရသည်။

ယခုကဲ့သို့ အချိန်၌ အပြင်ထွက်မှုအားအတတ်နိုင်ဆုံးလျှော့ချကာ လေထုညစ်ညမ်းမှုကြောင့်ဖြစ်ပေါ်လာသည့် ရောဂါလက္ခဏာများ ပြင်းထန်လာပါက ဆရာဝန်များနှင့်တိုင်ပင်ကုသမှုခံယူရန်လည်း ညွှန်ကြားထားသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နှစ်စဉ်လေထုတိုင်းတာမှုစံနှုန်းများအရ ချင်းမိုင်၏လေထုအတွင်း PM 2.5 ပါဝင်နှုန်းသည် ၂၂ ဒသမ ၈ ဆအထိဖြစ်နေကြောင်းသိရသည်။

PM 2.5 သည် လေထုအတွင်းပါဝင်သည့် သေးငယ်သောအမှုန်လေးများဖြစ်ပြီး အလွန်သေးငယ်သဖြင့် အဆုတ်ထဲသို့ ထိထိရောက်ရောက်ထိုးဝင်နိုင်ပြီး အသက်ရှူလမ်းကြောင်းအား ဒုက္ခပေးနိုင်သည်ဟုလည်းဆိုထားသည်။

အဆိုပါအမှုန်လေးများအား အချိန်ကြာကြာထိတွေ့နေပါက နှလုံးသွေးကြောနှင့်ပတ်သက်သည့်ရောဂါများ၊အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့်ကင်ဆာအထိပါ ဖြစ်နိုင်သည်ဟုလည်းဆိုထားသည်။

Source : စီအင်န်အေ/ပီပီ(အေဒဗလျူ)


LEAVE A REPLY

Please enter your comment!
Please enter your name here