မူလတန်းကျောင်းဝင်းအတွင်းမှ လက်နက်/ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

0
165

မကွေးတိုင်း၊ပေါက်မြို့နယ်၊ညောင်ဝင်းမြောက်ကျေးရွာရှိ အ.မ.က ကျောင်းဝင်းအတွင်း၌ လက်နက်ကိုင်အဖွဲ့ဝင်များ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်/ခဲယမ်းများနှင့်ဆက်စပ်ပစ္စည်းများကို မတ် ၉ ရက်နံနက်ပိုင်းက သိမ်းဆည်းရမိခဲ့သည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့နံနက် ၉ နာရီခွဲကျော်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များက ညောင်ဝင်းမြောက်ကျေးရွာ ၏ အ.မ.က ကျောင်းအနီးမှနေ၍ လုံခြုံရေးအဖွဲ့ဝင်များအား သေနတ်များဖြင့်စတင်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ လက်နက်ကိုင်အဖွဲ့ဝင်များသည် ကျေးရွာအနောက်တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ၎င်းနေရာတစ်ဝိုက်အားစစ်ဆေးရာ အ.မ.က ကျောင်းဝင်းအတွင်းမှ လက်နက်ကိုင်အဖွဲ့ဝင်များ သိုဝှက်သိမ်း ဆည်းထားသည့် လက်လုပ်သေနတ် ၁၀ လက်၊လက်လုပ်မိုင်း ၁၄ လုံး၊လက်လုပ်ကျည်အိမ် ၃ ခု၊ကျည်မျိုးစုံ ၈၈ တောင့်၊လက်လုပ်ဗုံးသီး ၁၈ လုံး၊ ဝရိန်စက် ၁ လုံး၊ကျောက်ဖြတ်စက် ၁ လုံး၊လွန်စက် ၁ လုံး၊ဒီတိုနေတာ ၃ ခု၊ဆိုင်ကယ်မျိုးစုံ ၆ စီးနှင့်ဆက်စပ်ပစ္စည်းများ၊ ဆီ ၁၀ ပိဿာနှင့်ဆန် ၆ အိတ်တို့အားသိမ်းဆည်းရမိခဲ့သည်။

“ပစ်ခတ်သံတွေတော့ကြားတယ်။ အရမ်းအကြာကြီးတော့မဟုတ်ဘူး။ မိနစ်ပိုင်းလေးလောက်ပဲ၊ သေနတ်သံတွေကြားကတည်းက လူနာတင်ကားတွေကိုတော့အဆင်သင့်လုပ်ထားတယ်။ သေနတ်သံတွေတိတ်သွားပြီးအချိန်အတော်ကြာတဲ့အထိ လူနာကောက်ဖို့သတင်းဝင်မလာဘူး ဆို​တော့ထိခိုက်တာမရှိတဲ့အခြေအနေကြောင့်ဖြစ်မယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here