ယူကရိန်းဒေသအနှံ့အပြားသို့ လေကြောင်းမှတိုက်ခိုက်ရာတွင် အသံထက်မြန်သော ဒုံးပျံများ ရုရှားအသုံးပြုခဲ့

0
260

ရုရှားနိုင်ငံသည် လတ်တလော သီတင်းပတ်များအတွင်း အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုကို ကြာသပတေးနေ့တွင် စတင်ခဲ့ပြီး Bryansk ဒေသရှိ ယူကရိန်းလိုလားသောလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြီးခဲ့သော သီတင်းပတ်က ရုရှားတို့အားတိုက်ခိုက်ခဲ့မှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ၎င်း၏နောက်ဆုံးပေါ် အသံထက်မြန်သော ဒုံးပျံများ အပါအဝင် ရှုပ်ထွေးသော လက်နက်များဖြင့် ယူကရိန်းတစ်ဝှမ်းရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မော်စကိုသည် ယူကရိန်းကို ရက်သတ္တပတ်များအတွင်း အကြီးမားဆုံး လေကြောင်းမှ ပစ်ခတ်မှုတွင် အသံထက်မြန်သည့် လက်နက်ခြောက်ခု အပါအဝင် စုစုပေါင်း ဒုံးကျည် ၈၁ စင်း ပစ်လွှတ်ခဲ့သဖြင့် အနည်းဆုံး လူခြောက်ဦး သေဆုံးပြီး ဒေသအများအပြားတွင်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်။

ကီယက်ဗ်နှင့် အခြားမြို့များတွင် ရက်သတ္တပတ်များစွာ ငြိမ်သက်နေခဲ့ပြီးနောက် ယခုကဲ့သို့ ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရာအများအပြားတွင် ဓာတ်အားပြတ်တောက်ကာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၃ ရုံထက်မနည်း ပျက်စီးခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံ၏တောင်ပိုင်းတွင် ပစ်ခတ်မှုကြောင့် နောက်ထပ် အရပ်သား လေးဦး သေဆုံးခဲ့ကြောင်း ယူကရိန်းဖက်ကပြောကြား သည်။

(The New York Times)


LEAVE A REPLY

Please enter your comment!
Please enter your name here